နည်းပညာတက္ကသိုလ်(မြိတ်) အား Polytechnic University (Myeik) ဖွင့်ပွဲအခမ်းအနားကို (၂၁-၁၁-၂၀၂၄) ရက်နေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ၊ တနင်္သာရီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ Polytechnic University (Myeik) မှ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများဖြင့် နံနက် (၉:၀၀)နာရီအချိန်တွင် ဖဲကြိုးဖြတ်၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း၊ ဘင်ခရာနှင့်ပန်းပွားအဖွဲ့မှ ဂုဏ်ပြုဖျော်ဖြေခြင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီးမှ Polytechnic University(Myeik) ဖွင့်လှစ်ခြင်းအတွက် မိန့်ခွန်း ပြောကြားခြင်း၊ အကအလှများဖြင့် ဖျော်ဖြေခြင်း၊ ဂုဏ်ပြုဆုချီးမြှင့်ခြင်းများ ကို စည်းကားသိုက်မြိုက်စွာဖြင့် Polytechnic University (Myeik) ဖွင့်ပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။