ကျောင်းသားသမဂ္ဂ

မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ သမိုင်းကြောင်းနှင့် ဖွဲ့စည်းတည်ထောင်ခဲ့ပုံ

မြိတ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတိုကောက်အားဖြင့် – (န.မ.တ.က.သ)

Myeik Technological University Students’ Union  In short term – (Myk.TU.SU)

မြိတ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ၂၀၁၇ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ တွင် တက္ကသိုလ်တွင်း အဖွဲ့အစည်းအဖြစ်တရားဝင်စတင်ဖွဲ့စည်းခဲ့ပါသည်။ မြိတ်နည်း ပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖြစ် တရားဝင်မဖွဲ့စည်းရသေးချိန်တွင် မြိတ်ခရိုင်ကျောင်းသားများသမဂ္ဂတွင် ပါဝင်လှုပ်ရှားခဲ့ပြီး ၂၀၁၅ကျောင်းသား သပိတ် တွင်လည်း မြိတ်ခရိုင်ကျောင်းသားများသမဂ္ဂနှင့် ပူးပေါင်းကာတိုက်ပွဲဝင်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ ဧပြီ၂၅ နှင့်၂၆ရက်နေ့တွင် နည်းပညာတက္ကသိုလ်(မန္တလေး)၌ ကျင်းပ သော နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂများ ကွန်ရက်ဖွဲ့စည်းရေး အစည်း အဝေးသို့ မြိတ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ တည်ထောင်သူများ ဖြစ်ကြသော ကိုမင်းလွင်ဦးနှင့် ကိုဖြိုးသီဟအောင်တို့ တက်ရောက်ခဲ့သည်။ ၄င်းအစည်း အဝေးကို မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအပါအ၀င် နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ(၁၃)ခုတို့က တက်ရောက်ခဲ့ပြီး နည်းပညာတက္က သိုလ်ကျောင်းသားသမဂ္ဂများ ကွန်ရက်ကိုစတင်သန္ဓေတည် ဖွဲ့စည်းရေးခဲ့သည်။ ၄င်းနောက်မြိတ်နည်းပညာတက္ကသိုလ်တွင် မြိတ်နည်းပညာ တက္ကသိုလ် ကျောင်း သားများသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီကို ၂၀၁၇ ၊ မတ်လ ၂၇ ရက်တွင် အင်အား ၃၂ဦး ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

 မြိတ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဋ္ဌ ကိုဖြိုးသီဟအောင်၊ ဒုတိယဥက္ကဋ္ဌကိုထွန်းတောက်ရဲတို့ ဦးဆောင်သော ပထမအကြိမ် အလုပ်အမှုဆောင်အဖွဲ့ကို အတည်ပြုဖွဲ့စည်းပေးခဲ့ပြီး မြိတ်မြို့၏ ပထမဆုံး သော တက္ကသိုလ်ကျောင်းသားသမဂ္ဂဖြစ်လာခဲ့သည်။ ၂၀၁၇ မေ ၃၀ တွင် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြပြီး ဇွန်လ ၁ ရက်နေ့တွင် တက္ကသိုလ်တွင်း အဖွဲ့အစည်းအဖြစ် တရားဝင်စတင်ရပ်တည်ခဲ့ပါသည်။

၂၀၁၈, ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ဒုတိယအကြိမ် အလုပ်အမှုဆောင်အဖွဲ့ ရွေး ကောက်ပွဲများကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် ကျင်းပပြီး ဥက္ကဋ္ဌ ကိုဖြိုးသီဟအောင်၊ ဒုတိယဥက္ကဋ္ဌ ကိုခန့်ဇင်ဝေတို့ ဦးဆောင်သော ဒုတိယအကြိမ် အလုပ်အမှု ဆောင်အဖွဲ့ကို အတည်ပြုဖွဲ့စည်းပေးခဲ့သည်။

၂၀၁၉ , မတ်လ ၅ ရက်တွင် တတိယအကြိမ် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲ များကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် ကျင်းပပြီး ဥက္ကဋ္ဌကိုခန့်ဇင်ဝေ၊ ဒုတိယဥက္ကဋ္ဌမပြေသွယ်ခင်တို့ ဦးဆောင်သော တတိယအကြိမ် အလုပ်အမှုဆောင် အဖွဲ့ကို အတည်ပြုဖွဲ့စည်းပေးခဲ့သည်။

၂၀၂၀ , ဖေဖော်ဝါရီလ ၂၇ရက်နေ့ တွင် စတုတ္ထအကြိမ် အလုပ်အမှုဆောင်အဖွဲ့ ရွေး ကောက်ပွဲများကို တစ်ကျောင်းလုံး အတိုင်းအတာဖြင့် ကျင်းပပြီး ဥက္ကဋ္ဌ ကိုသီဟဇော် ၊ ဒုတိယဥက္ကဋ္ဌမပြေသွယ်ခင်တို့ ဦးဆောင်သော စတုတ္ထအကြိမ် အလုပ်အမှုဆောင်အဖွဲ့ကို အတည်ပြုဖွဲ့စည်းပေးခဲ့ပြီးနောက်တွင် ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး၊ ကျောင်းသားထု၏ရပိုင်ခွင့်နှင့် အခွင့်အရေးများအတွက် ဆက်လက် တိုက်ပွဲဝင်လျှက်ရှိပါသည်။ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့၊ တက္ကသိုလ် ပညာရေး အဖွဲ့တို့တွင်လည်း ပူးပေါင်းပါဝင်ပြီး ကျောင်းသားထု၏ရပိုင်ခွင့်နှင့် အခွင့်အရေးများ အတွက် တောင်းဆိုကာ မြိတ်နည်းပညာ တက္ကသိုလ် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်လျှက်ရှိပါသည်။

မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် – (က)ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး

(ခ)ဒီမိုကရေစီပညာရေး

(ဂ) ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး

(ဃ)ကျောင်းသားထုသွေးစည်းညီညွတ်ရေး

(င) မိခင်တက္ကသိုလ်အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအစဉ်သဖြင့် ဦးတည်သည်။

မိမိတို့သမဂ္ဂအနေဖြင့် ကျောင်းသားများအရည်အသွေးနှင့် စွမ်းရည်မြှင့်တင်ရေးကို ရည်ရွယ်၍ အခမဲ့သင်တန်း များဖွင့်လှစ်ခြင်း၊ ဟောပြောပွဲများကျင်းပခြင်းတို့ကိုလည်း ဦးဆောင်ကျင်းပ ပြုလုပ်လျှက်ရှိပါသည်။ နိုင်ငံတစ်ဝှမ်းလုံးရှိ လူမှုရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။

“ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂရှိရမည်”

                                                  မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (န.မ.တ.က.သ)

လှုပ်ရှားမှုမှတ်တမ်းများ